- Get link
- X
- Other Apps
- Get link
- X
- Other Apps
မြန်မြန် ကြွေပေမယ့်
ကြာကြာ စောင့်မျှော်စေတတ်တဲ့ -
ချယ်ရီ စိတ်ထားကွယ်။
ဆိုးဂီ။
နွေဦးပေါက်သောအခါ ချယ်ရီပန်းများ ဝေဝေဆာဆာ ပွင့်ကြသည်။ခြံထဲမှာ ခြံလုံးကျွတ်။ တောထဲမှာ တောလုံးကျွတ်။ တောင်ပေါ်မှာတောင်လုံးကျွတ်။ ဂျပန်လူမျိုး ကျားမကြီးငယ်တို့ စမြိန်စာထုပ်ကိုယ်စီနှင့် အိမ်မှထွက်ကာ ချယ်ရီ၏အလှ အရသာကို ကြည့်ရှု ခံစားကြသည်။
ချယ်ရီအောက်တွင် လူတွေ တဖွေးဖွေး။ သို့သော်လည်း ချယ်ရီကားကြာကြာမနေ။ ရက်ပိုင်းအတွင်း အကုန်ကြွေတော့သည်။ ဒီရက်ပိုင်းမျှကို မျှော်ခေါ်၍ တစ်နှစ်မျှ လူတို့ စောင့်ခဲ့ကြရသည်။ ဤသဘောကိုဆိုးဂီက ဖွဲ့ဆိုသည်။ ချစ်စနိုးနှင့် ဤသို့ဆိုသလား။ မကျေနပ်၍ ဤသို့ဆိုသလား။ သို့တည်းမဟုတ်ပါက ကြာရှည်စွာ ခဲခဲယဉ်းယဉ်း ရှာဖွေမှရသည့် လောကီစည်းစိမ်၏ တိုတောင်းသော ချမ်းသာမှုကိုပင် ဘုန်းကြီးပီပီ သံဝေဂယူကာ ဆိုလေသလား။ ဆင်ခြင်စရာပင်။
ဆရာမင်းသုဝဏ်ရဲ့
Comments
Post a Comment