Beyond Skyline (2017)


IMDb 5.3 ထိ ရရှိထားတဲ့ Alien Invasion ကားလေးပါ ရဲအရာရှိဖြစ်တဲ့ မက်ခ် က ဇနီးဖြစ်သူဆုံးသွားလို့ စိတ်ဓာတ်ကျပြီးအလုပ်ကနားထားတဲ့အချိန် သားဖြစ်သူ ထရန့်ကလဲ ဆိုးပေး
တေလို့ ရဲစခန်းကနေ သွားပြန်ခေါ်လာတဲ့တစ်နေ့ သားဖြစ်သူနဲ့အတူ အိမ်အပြန် ရထားစီးရင်းရုတ်တရက် အပေါ်ကအသံတွေကြားရပြီး ရထားဟာ ပါဝါပျက်ပြီး ရပ်သွားပါတယ် မြေအောက်ရထားလိုဏ်ဂူကနေ ဘူတာရုံ
လမ်းဆင်းလျှောက်ခဲ့ကျပြီး ဘူတာရုံရောက်တော့ လူတွေတစ်ယောက်မှ မရှိတော့တာကိုတွေ့ရပြီးထူးဆန်းတဲ့အလင်းရောင်တွေကို မြင်လိုက်ကြတယ်အလင်းရောင်တွေကို ကြည့်မိတဲ့သူတိုင်း စိတ်ညှို့သလိုအသိစိတ်ပျောက်ပြီး အာကာသယာဉ်ပျံကြီးက ခေါ်ဆောင်သွား
ပါတော့တယ် သားအဖတွေထွက်ပြေးရင်းနဲ့ လွတ်မြောက်နိုင်မလား ဂြိုလ်သားတွေက ဘာအတွက်လူသားတွေကို ခေါ်ဆောင်သွားတာလဲ အာကာသယာဉ်ပျံကြီးထဲမှာ သူတို့ဘယ်လို
ထူးဆန်းတာတွေနဲ့ ကြုံတွေ့ရမလဲ လူသားတွေကိုဘယ်လိုကယ်တင်မလဲ လွတ်မြောက်အောင် ဘယ်လိုကြိုးစားမလဲဆိုတာတွေကို အက်ရှင်အလန်းစားတွေနဲ့ ကြည့်ရမှာနော်







Comments